Skip to Content

English for What Comes Next: အနာဂတ်အတွက် အင်္ဂလိပ်စာသင်ယူမှုကို ပြန်စဉ်းစားခဲ့ကြတဲ့ NGL Day Myanmar 2026

ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အင်္ဂလိပ်စာကို နားလည်ပြီး ပြောဆိုနိုင်ခြင်းက အရေးကြီးပါတယ်။ ဒါပေမဲ့ သင်ယူထားတဲ့ ဘာသာစကားကို လက်တွေ့အသုံးချပြီး ဘယ်လိုစဉ်းစားမလဲ၊ ဘယ်လိုဆက်သွယ်မလဲဆိုတာနဲ့ အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းက ပိုလို့တောင် အရေးပါလာပါပြီ။

ဒီလို ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေကို အတူတကွ လေ့လာဆွေးနွေးဖို့အတွက် National Geographic Learning (NGL) နဲ့ U-Book Educations တို့ ပူးပေါင်းပြီး NGL Day Myanmar 2026 ကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲလေးကို “English for What Comes Next” ဆိုတဲ့ Theme အောက်မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ အင်္ဂလိပ်စာသင်ကြားမှုကို စာသင်ခန်းထဲက ရိုးရိုးသင်ခန်းစာတစ်ခုအဖြစ်သာမကဘဲ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးအတွက် သင်ယူသူတွေကို အသင့်ဖြစ်နေစေမယ့် အတွေ့အကြုံတစ်ခုအဖြစ် ပြန်လည်စဉ်းစားဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

AI ခေတ်မှာ ဘယ်လိုစွမ်းရည်တွေ လိုအပ်လာမလဲ?

နည်းပညာတွေ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အလုပ်ခွင် သဘာဝတွေ၊ သင်ယူမှုပုံစံတွေကလည်း အများကြီး ပြောင်းလဲလာပါတယ်။

ပွဲရဲ့ အဓိက Session တစ်ခုဖြစ်တဲ့ Dr. Aaron Loh ရဲ့ ဆွေးနွေးမှုမှာတော့ AI နဲ့ Digital Technology တွေ နေရာယူလာမယ့် အလုပ်ခွင်တွေအတွက် သင်ယူသူတွေကို Future-ready skills တွေနဲ့ ဘယ်လိုပြင်ဆင်ပေးနိုင်မလဲဆိုတာကို အသေးစိတ် လေ့လာခဲ့ရပါတယ်။ အခုခေတ်မှာ နည်းပညာကို အသုံးပြုနိုင်ရုံတင်မကတော့ဘဲ ရရှိလာတဲ့ အချက်အလက်တွေကို စနစ်တကျ စစ်ဆေးသုံးသပ်နိုင်ခြင်း (Analytical Thinking)၊ အခြေအနေနဲ့ ကိုက်ညီအောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်းနဲ့ အခြားသူတွေနဲ့ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတွေက စဉ်းစားစရာ အရေးကြီးတဲ့ အပိုင်းတွေအဖြစ် ပါဝင်လာပါတယ်။

English Learning နဲ့ Future-ready Competencies

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ Session တစ်ခုဖြစ်တဲ့ Dr. Apapan Ruengkul ရဲ့ ဆွေးနွေးမှုမှာတော့ English language skills တွေကို အနာဂတ်အတွက် မရှိမဖြစ် လိုအပ်လာမယ့် Competencies တွေနဲ့ ဘယ်လိုချိတ်ဆက်နိုင်မလဲဆိုတာကို အဓိကထား ရှင်းပြသွားခဲ့ပါတယ်။

အင်္ဂလိပ်စာသင်ယူမှုနဲ့အတူ တစ်ပါတည်း ပျိုးထောင်ပေးနိုင်တဲ့ 5Cs စွမ်းရည်တွေကတော့—

  • Communication — ကိုယ့်အတွေးအမြင်တွေကို ရှင်းလင်းစွာ ပြောဆိုဆက်သွယ်နိုင်ခြင်း
  • Collaboration — အခြားသူတွေနဲ့ အချိတ်အဆက်မိမိ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း
  • Critical Thinking — ရရှိလာတဲ့ အချက်အလက်တွေကို စဉ်းစားသုံးသပ်နိုင်ခြင်း
  • Creativity — အတွေးအခေါ်သစ်တွေ၊ ဖြေရှင်းနည်းသစ်တွေ ဖန်တီးနိုင်ခြင်း
  • Character — တာဝန်ယူမှု၊ လေးစားမှုနဲ့ အမြဲဆက်လက်ကြိုးစားလိုစိတ်ကို တည်ဆောက်နိုင်ခြင်း

ဒီလို အရေးကြီးတဲ့ စွမ်းရည်တွေကို သီးခြားသင်ခန်းစာတစ်ခုအနေနဲ့ အချိန်ပေး သင်ယူနေစရာမလိုဘဲ၊ စာသင်ခန်းထဲက ဆွေးနွေးမှုတွေ၊ Pair work တွေနဲ့ Group activity တွေကတစ်ဆင့် English Classroom ထဲမှာတင် သဘာဝကျကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြောင်းကို ထိထိရောက်ရောက် ဆွေးနွေးသွားခဲ့ပါတယ်။

အတူတကွ လေ့လာပြီး နောက်တစ်ဆင့်သို့

NGL Day Myanmar 2026 ဟာ သင်ကြားရေးဆိုင်ရာ အကြောင်းအရာတွေကို ထိုင်ပြီး နားထောင်လေ့လာရုံသက်သက်မဟုတ်ဘဲ၊ ဆရာ၊ ဆရာမတွေ အချင်းချင်း အမြင်တွေ ဖလှယ်ပြီး ပညာရေးရဲ့ အနာဂတ်အတွက် အတူတကွ စဉ်းစားခွင့်ရခဲ့တဲ့ တန်ဖိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

ဒီလို အဓိပ္ပာယ်ရှိတဲ့ ပွဲလေးဖြစ်လာအောင် အချိန်ပေးပြီး ပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့ Speakers များ၊ တက်ရောက်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများနဲ့ ဧည့်သည်တော်များ အားလုံးကို U-Book Educations မှ ကျေးဇူးအထူးတင်ရှိပါတယ်။

English for What Comes Next — Future-ready Skills for a Changing World.

အခု လက်ရှိ ကိုယ့်ဘဝအခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် စာအုပ်က ဘယ်အုပ်များလဲ?