မြန်မာနိုင်ငံက စာပေချစ်သူတွေအတွက် Online ကနေ စာအုပ်ဝယ်တဲ့အခါ အဖြစ်အများဆုံး ပြဿနာကတော့ "Original စာအုပ်စစ်စစ် ဟုတ်၊ မဟုတ်" စိတ်ပူရတာပါပဲ။ စာအုပ်တစ်အုပ်ကို တန်ဖိုးထား မြတ်နိုးစွာနဲ့ ဖတ်ရှုချင်တဲ့သူတွေအတွက် စာအုပ်အတုတွေ၊ Quality မကောင်းတဲ့ Copy စာအုပ်တွေက စာဖတ်ခြင်း အရသာကို များစွာ လျော့ကျစေပါတယ်။ နောက်ထပ် ကြုံရတတ်တဲ့ အခက်အခဲတစ်ခုကတော့ Online Shop တွေမှာ စာအုပ်လေး သဘောကျလို့ ဝယ်မယ်လုပ်မှ Stock ရှိ၊ မရှိ မေးရတာ၊ Reply စောင့်ရတာနဲ့တင် အချိန်ကုန်ပြီး နောက်ဆုံးမှ "Stock ကုန်သွားလို့ပါရှင်" ဆိုတဲ့ စကားကြောင့် စိတ်ပျက်ရတာမျိုးတွေပဲ ဖြစ်ပါတယ်။
ဒီလို အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းပေးပြီး စာပေချစ်သူတိုင်း စိတ်တိုင်းကျ စာအုပ်ဝယ်ယူနိုင်မယ့် နေရာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ U-Book Educations Online Store ပါပဲ။
U-Book Educations ဆိုတာ ဘာလဲ?
U-Book Educations ဆိုတာ စာဖတ်သူတွေအတွက် မူရင်းထုတ်ဝေသူ၊ စာရေးဆရာတွေဆီကနေ တိုက်ရိုက်ရယူထားတဲ့ Original စာအုပ်စစ်စစ်တွေကိုသာ သီးသန့် ရောင်းချပေးနေတဲ့ ယုံကြည်စိတ်ချရတဲ့ Online Book Store တစ်ခု ဖြစ်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ စာအုပ်တွေကိုမှ ဖတ်ရှုချင်တဲ့သူတွေအတွက် U-Book က အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။
ဘာကြောင့် U-Book Website ကနေ ဝယ်ယူသင့်တာလဲ?
- စာအုပ်စစ်စစ်တွေကိုသာ စိတ်ချလက်ချ ဝယ်ယူနိုင်ခြင်း: U-Book ကနေ ဝယ်ယူတဲ့ စာအုပ်တိုင်းဟာ 100% Original ဖြစ်ကြောင်း အာမခံပါတယ်။ စက္ကူသား၊ ပုံနှိပ်အရည်အသွေးကအစ မူရင်းအတိုင်းဖြစ်တာကြောင့် စာဖတ်သူတွေအတွက် အပြည့်ဝဆုံး ကျေနပ်မှုကို ရရှိစေမှာပါ။
- အချိန်ကုန် သက်သာပြီး လွယ်ကူမြန်ဆန်ခြင်း: Admin ဆီမှာ Stock ရှိ၊ မရှိ မေးပြီး စောင့်နေစရာ မလိုတော့ပါဘူး။ U-Book Website မှာ ဝင်ကြည့်လိုက်တာနဲ့ လက်ရှိ ဝယ်ယူလို့ရနိုင်မယ့် (Instock) စာအုပ်စာရင်းကို အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။
- စနစ်ကျတဲ့ E-commerce အတွေ့အကြုံ: ကိုယ်လိုချင်တဲ့ စာအုပ်အမျိုးအစား၊ စာရေးဆရာ နာမည်တွေနဲ့ အလွယ်တကူ ရှာဖွေနိုင်ပြီး Cart ထဲထည့်ကာ Step-by-step Order တင်နိုင်တဲ့ စနစ်ကို အသုံးပြုထားပါတယ်။
U-Book ရဲ့ ကတိကဝတ်
""အရည်အသွေးပြည့်ဝတဲ့ Original စာအုပ်စစ်စစ်တွေကိုသာ စာဖတ်သူတွေလက်ဝယ်အရောက် အမြဲပေးအပ်သွားပါမည်"
U Book Educations ဟာ McGrawHill, Pearson, Cambridge နဲ့ Oxford University Press စတဲ့ နိုင်ငံတကာအဆင့်မီ စာအုပ်ထုတ်ဝေရေး လုပ်ငန်းကြီးတွေရဲ့ မြန်မာနိုင်ငံအတွက် တရားဝင် ကိုယ်စားလှယ် (Authorized Distributor) အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေတာဖြစ်လို့ စာအုပ်တွေရဲ့ မူရင်းအရည်အသွေး (Authenticity) အတွက် ရာနှုန်းပြည့် အာမခံပါတယ်။ ဒါ့အပြင် လူငယ်တွေကြား ရေပန်းစားတဲ့ နိုင်ငံတကာထုတ် Manga နဲ့ Graphic Novel တွေကိုလည်း မူရင်းထုတ်ဝေသူတွေဆီကနေ တိုက်ရိုက် တင်သွင်းပေးနေတာ ဖြစ်ပါတယ်။
စာအုပ်အတုတွေ၊ Quality မကောင်းတဲ့ Copy စာအုပ်တွေကြောင့် စာဖတ်ရတဲ့ အရသာနဲ့ စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးကို လုံးဝ (လုံးဝ) မပျက်စီးစေရဘူးဆိုတာ U-Book က ရဲရဲကြီး ကတိပေးပါတယ်။
ရှုပ်ထွေးတဲ့ အဆင့်တွေ၊ စိတ်ပျက်စရာ စောင့်ဆိုင်းရမှုတွေနဲ့ စာအုပ်အတုတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးပြီး မိမိနှစ်သက်ရာ စာအုပ်တွေကို လက်ချောင်းလေးတွေ ရွှေ့ရုံနဲ့ အိမ်ကနေ ဝယ်ယူနိုင်ပါပြီ။
ဝါသနာပါတဲ့ စာဖတ်ခြင်းကို အပြည့်အဝ ခံစားနိုင်ဖို့၊ စာရေးဆရာတွေရဲ့ မူပိုင်ခွင့်ကို လေးစားတန်ဖိုးထားဖို့အတွက် Original စာအုပ်လေးတွေကို U-Book Educations Website မှာ အခုပဲ ဝင်ရောက် ရှာဖွေလိုက်ပါ။